Q1: Payoneer ထဲကဒေါ်လာတွေကို MyanExchanger မှာဘယ်လိုရောင်းရတာလဲ ❓
A1: Payoneer ရောင်းချင်သူရဲ့အကောင့်မှာ ငွေလွှဲ function ပွင့်ဖို့လိုပါတယ်။ Pay to a recipient's Payoneer account ထဲဝင်လိုက်ပါ Email ရိုက်စရာလေးပေါ်နေပြီဆိုရင်ငွေလွှဲရောင်းလို့ရပါပြီ။
18th March 2025 ကစပြီးPayoneer to Payoneer လွှဲရင် နိုင်ငံတူတဲ့အကောင့်ချင်းလွှဲရင်ဘယ်လောက်ပမာဏလွှဲလွှဲ Fee- 4 USD ဖြတ်တာမလို့ ငွေလွှဲအောင်မြင်တဲ့အချိန် ကျွန်တော်တို့ဆီဝင်တဲ့ Payoneer ပမာဏကို ပေါက်စျေးအတိုင်းမြှောက်ပြီး KBZ Pay or KBZ Banking ထဲကို MMK ရမှာပါ။
Q2: Payoneer သုံးတာ Fee ပေးရလား ❓
A2: Payoneer အကောင့်ဖွင့်ချိန်ကစလို့ တစ်နှစ်တာကာလအတွင်းဝင်ငွေ 2000 USD ထက်နည်းရင် Annual Fee 29.95 USD ပေးရပါတယ်။ MasterCard မှာမယ်ဆိုရင် Maintenance fee 29.95 USD ပေးရပါတယ်။ ဝင်ငွေလည်းတစ်နှစ်အတွင်း 2000 USD ကျော်မယ်၊ ကဒ်လည်းမမှာဘူးဆိုရင်ဘာ Fee မှထပ်ပေးစရာမလိုပါဘူး။
18th March 2025 ကစပြီး Payoneer to Payoneer လွှဲရင်နိုင်ငံတူအကောင့်ချင်းဆိုရင်ဘယ်လောက်လွှဲလွှဲ Fee- 4 USD ပေးရပါမယ်။ လွှဲသူအကောင့်နဲ့လက်ခံသူအကောင့်နဲ့နိုင်ငံမတူဘူးဆိုရင်တော့ Fee- 1% ပေးရမှာဖြစ်ပါတယ်
Q3: လစာအဝင်လည်း 500 USD ကျော်သွားပြီ ငွေလွှဲ Function ပွင့်မလာဘူး ❓
A3: Payoneer User အချင်းချင်းလွှဲတာမျိုး (ကိုယ့် client က ကိုယ့် email လောက်ပဲတောင်းပြီးငွေလွှဲပေးလိုက်တာမျိုး) ဒါမျိုးဝင်ငွေက 500 USD မှာ count မဖြစ်တာမို့ ငွေလွှဲပွင့်လာမှာမဟုတ်ပါဘူး။ Payoneer နဲ့ငွေချေမယ်လို့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ (Example: Upwork, Appen) ကဝင်ငွေ 500 USD ဒါမှမဟုတ် Global Payment Service ထဲက Virtual Bank account တွေဆီကိုဝင်ငွေ 500 USD ပြည့်မှဒီငွေလွှဲ Function ပွင့်လာမှာဖြစ်ပါတယ်။
Q4: Client က Payoneer to Payoneer ပဲလွှဲပေးနိုင်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ ❓
A4: ကိုယ့် Payoneer ထဲငွေပို့ထားပြီးပြီဆိုရင်တော့ ဘဏ်ကိုထုတ်ဖို့နည်းလမ်းတစ်ခုသာရှိပါမယ်၊ မြန်မာဘဏ်တွေက Rate အဆင်မပြေတာမို့ နိုင်ငံခြားမှာမိတ်ဆွေတွေရှိရင်သူတို့ကိုအကူအညီတောင်းပြီး သူတို့ရဲ့နိုင်ငံခြားဘဏ်အကောင့်တွေထဲကို Pay to a recipient's bank account ကနေပို့ထုတ်နိုင်ပါတယ်။ ကျွန်တော်တို့ MyanExchanger ရဲ့ Payoneer account တွေထဲကို Client ကတိုက်ရိုက်ထည့်ပေးနိုင်ရင်တော့ဝင်လာချိန်မှာ ပေါက်စျေးအတိုင်း MMK ယူရုံပါပဲ။
Q5: Payoneer အကောင့်အချင်းချင်း ငွေလွှဲတာကအချိန်ဘယ်လောက်ကြာတတ်လဲ ❓
A5: Payoneer User အချင်းချင်းငွေလွှဲလိုက်ပြီဆိုရင် ဘာပြဿနာမှမရှိဘူးဆိုရင် ခုလွှဲခုရောက်ပါတယ်။ Payoneer က server maintenance ခဏခဏလုပ်တတ်တာမို့ ကိုယ်ငွေလွှဲချိန်နဲ့တိုက်ဆိုင်သွားရင်တော့ Transaction complete ဖြစ်ဖို့ 5mins-1 hr လောက်ကြာတတ်တာလည်းရှိပါတယ်။ လွှဲသူရဲ့ Email ထဲကို Your payment was successful လို့ email ဝင်လာတာ သို့မဟုတ် Payoneer ထဲက Transaction ရဲ့ Timeline မှာ Completed လို့ပေါ်လာမှသာ ငွေလွှဲအောင်မြင်စွာပြီးဆုံးမှာဖြစ်ပါတယ်။
Q6: Payoneer ငွေလွှဲအောင်မြင်ပြီးရင် ဘယ်လောက်အကြာမှာမြန်မာငွေထည့်ပေးလဲ ❓
A6: ပုံမှန်အားဖြင့် Transaction complete ဖြစ်ပြီးတာနဲ့ ချက်ချင်းမြန်မာငွေထည့်ပေးပါတယ်။ တစ်ခါတလေမှာတော့ Order တအားများတဲ့နေ့တွေရှိတတ်တာမို့ 15-30 mins လောက်လည်းကြာနိုင်ပါတယ်။ တစ်ခါတလေကျပြန်တော့လည်း မထင်ထားတဲ့ issue မျိုးစုံပေါ်လာတတ်ပြန်သေးတာမို့ ဒီထက်ပိုကြာတာမျိုးလည်းရှိနိုင်ပါတယ်။ အတတ်နိုင်ဆုံး စောင့်ရချိန်သက်သာအောင်တော့ကြိုးစားပေးပါတယ်။
Q7: Payoneer ဘယ်လောက်ပမာဏထိရောင်းလို့ရလဲ ❓
A7: Unlimited ကြိုက်သလောက်ရောင်းလို့ရပါတယ်။
Q8: Payoneer က မြန်မာ ကို Support လုပ်သေးလား ❓
A8: ဒီစာကိုရေးချိန် ( 2nd May 2025 ) အထိ Payoneer ကမြန်မာကို Support လုပ်ဆဲပါ။ လူတိုင်းအလွယ်တကူဖွင့်လို့မရအောင်တော့ သူ့ website က sign up page မှာမြန်မာကိုဖြုတ်ထားပါတယ်။ Payoneer နဲ့ငွေရမှာသေချာတဲ့ Payoneer နဲ့ငွေပေးတဲ့ Platform တွေကထုတ်ပေးတဲ့ Registration link တွေကဖွင့်ရင် မြန်မာ ပါပါသေးတယ်။